Saturday, July 30, 2016

လက်ရှိမြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေ

လက်ရှိအစိုးရကအထပ်မြင့် အဆောက်ဦးများ ရပ်ဆိုင်းထားလိုက်ရန် ပြောဆိုမှုအပေါ်တွင် လုပ်ငန်းရှင်များဘက်က မကြေလည်ခြင်းနှင့် နားမလည်မှုများ ဖြစ်ပေါ်နေသည့်အချိန်ဖြစ်ပါသည်။ တစ်ခါ ထိုကိစ္စနှင့်ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက သူတို့ကိုယ်တိုင် ထိုလုပ်ငန်းခွင်များက သွားရောက်စစ်ဆေးသည့်အခါတွင်လည်း စည်းကမ်းဖောက်ဖျက်ခြင်းမျိုးကိုမတွေ့ရခြင်းကြောင့် တိုင်းဒေသကြီးအစိုးရကို သိမြင်စေရန် စာပေးပို့တင်ပြထားပြီးလည်း ဖြစ်ပါသည်။ 

No comments:

Post a Comment