Friday, July 29, 2016

ထိုင်းနိုင်ငံ မဟာချိုင်ဒေသက ငါးရုံတွင် မြန်မာ အလုပ်သမား ၁၀၀ ကျော်က လုပ်အားခပေးရန် တောင်းဆို


ထိုင်းနိုင်ငံ မဟာချိုင်ဒေသက ငါးရုံတွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၁၀၀ ကျော်က လုပ်အားခပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် အလုပ်က ထုတ်ပယ်ခံခဲ့ရပါသည်။ လုပ်အားခ ၄၅ ရက်စာပေးရန်ကျန်ရှိနေခြင်းကို မြန်မာအလုပ်သမားများက ပေးရန်တောင်းဆိုခဲ့ပြီး ထိုင်းအလုပ်ရှင်က ၁၅ ရက်စာ သာပေးပြီး အလုပ်သမားများကို အလုပ်ဖြုတ်ပစ်ခဲခြင်းဖြစ်ပါသည်။ အလုပ်သမားများကို ညတွင်းချင်းစက်ရုံက ထွက်သွားရန် ဖိအားပေးခဲ့ပြီး မြန်မာအလုပ်သမားများက သွားစရာနေရာမရှိခြင်းကြောင့် စက်ရုံရှေ့တွင် အိပ်ခဲ့ရပြီး ဇူလိုင်လ (၁၄) ရက်နေ့ နံနက်တွင် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က သွားရောက်ခေါ်ဆောင်ပြီး တစ်ချို့ကို အဖွဲ့ရုံးခန်းတွင် ယာယီနေရာချထားပေး၍ တစ်ချို့ကို ဘုန်းကြီးကျောင်းများတွင် ခိုလှုံခွင့်ရအောင် ကူညီပေးထားခြင်းဖြစ်ပါသည်။


No comments:

Post a Comment