Friday, July 29, 2016

စင်ကာပူနိုင်ငံတွင် ဘင်္ဂလားဒေရှိနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၄ဦးကို အကြမ်းဖက်ဝါဒအပေါ် ငွေကြေးထောက်ပံ့မှုနှင့် စင်္ကာပူတရားရုံးက ထောင်ဒဏ်ချမှတ်


မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများအပြား အလုပ်လုပ်ကိုင်နေသည့် စင်ကာပူနိုင်ငံတွင် ဘင်္ဂလားဒေရှိနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ၄ဦးကို အကြမ်းဖက်ဝါဒအပေါ် ငွေကြေးထောက်ပံ့မှုနှင့် စင်္ကာပူတရားရုံးက ဇူလိုင်လ ၁၂ ရက်နေ့က ထောင်ဒဏ်ချမှတ်ခဲ့ပါသည်။ ၎င်းအမျိုးသားများက စင်္ကာပူဒေါ်လာ ၆၀မှ ၁၃၀၀ ကျော်ထိ ဘင်္ဂလာဒေ့ရှ်မှာဖြစ်ခဲ့သည့် တိုက်ခိုက်မှုအတွက် ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟု စင်္ကာပူအာဏာပိုင်များက ပြောဆိုပါသည်။ ယခုလို အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့သည့် အမှုက စင်္ကာပူနိုင်ငံတွင် ပထမဆုံးဖြစ်ပွားခြင်းလည်းဖြစ်ပါသည်။ ၎င်းရွှေ့ပြောင်းဒအလုပ်သမား ၄ဦး ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုနှင့် ဧပြီလကဖမ်းဆီးထိမ်းသိမ်းထားခဲ့ခြင်းဖြစ်ပါသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အသက် ၃၁ နှစ်အရွယ် Rahman Mizanur ကို ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့ပြီး Sohel Hawladar Ismail Hawlader ကို ထောင်ဒဏ် ၂နှစ်နှင့် ကျန်နှစ်ဦးကို ထောင်ဒဏ် နှစ်နှစ်ခွဲ အသီးသီးချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင်လ ၁ ရက်နေ့က ဓါးစားခံ အယောက်၂၀ သေဆုံးခဲ့သည့် ဒါကာက စားသောက်ဆိုင် အကြမ်းဖက်ဝင်ရောက်စီနင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ထိုအမှုနှင့် ပတ်သက်လို့ နောက်ထပ် လူ ၄ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး သူတို့က ငွေတွေ ဘယ်ရောက်သွားလဲဆိုတာ မသိရကြောင်းနှင့် ၎င်း စွပ်စွဲချက် အတွက် အပြစ်မရှိဘူးလို့ ငြင်းတိုထားခြင်းဖြစ်ပါသည်။ နောက်ထပ် သံသယရှိသူနှစ်ဦးကိုလည်း တရားစွဲဆိုထားပြီး ဖမ်းဆီးရန် ကြိုးစားနေဆဲဖြစ်ပါသည်။


No comments:

Post a Comment