Wednesday, November 27, 2013

(၂၀၂၀) ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပခွင့်ကို ဒူဘိုင်းမှ ရရှိခဲ့

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပရေး ဗျူရို (BIE) ရဲ့ (၁၅၄) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ (၂၀၂၀) ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပခွင့်ကို ဒူဘိုင်းမှ ရရှိခဲ့ကြောင်း သိရပါသည်။ ဒူဘိုင်းဟာ တတိယအကြိမ်နှင့် နောက်ဆုံးမှာ မဲအသာရပြီး ပထမဆုံး အကြိမ်အဖြစ် အရှေ့အလယ်ပိုင်း နိုင်ငံမြို့တော်မှ ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပြီး ဘရာဇီးနှင့် တူရကီတို့လည်း ပါဝင်အရွေးခံခဲ့သည်ဟု သိရပါသည်။ ဒူဘိုင်း ကုန်စည်ပြပွဲကို (၂၀၂၀) ခုနှစ်၊ အောက်တိုဘာ (၂၀) မှ (၂၀၂၁) ခုနှစ် ဧပြီ (၁၀) ရက်နေ့ထိ ကျင်းပမှာဖြစ်ပါသည်။ 

No comments:

Post a Comment