တူရကီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးများဟာ
လာမယ့် ဇန်န၀ါရီလ (၂၂) ရက် ဂျနီဗာမှာ ကျင်းပမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်ခင် ဆီးရီးယားနိုင်ငံရဲ့ အပစ်အခတ်
ရပ်စဲရေးအတွက် နိုဝင်ဘာ (၂၇) ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက
ဆီးရီးယားနိုင်ငံ အပစ်အစဲ ရပ်စဲဖို့နဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ကြိုးစားအားထုတ်ရမှာ
ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အီရန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီးက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ဖို့အတွက်
အပစ်အခတ်ရပ်စဲရေးဟာ လိုအပ်ကြောင်း ပဋိပက္ခ အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ
အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အီရန်နဲ့ တူရကီဟာ ဆီးရီးယား အရေးမှာ လက်နက်ကိုင်များနဲ့
အစိုးရကြား တဘက်စီမှ ထောက်ပံ့ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးမှာတော့ ပူးပေါင်းဆောင်ရွက်ဖို့
ဆန္ဒရှိကြပါသည်။ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့လျှင်
အီရန်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆီးရီးယား အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ၄င်းတို့ တက်ရောက်လိမ့်မှာ ဖြစ်ကြောင်း
ပြောကြားခဲ့ပေမဲ့ အနောက်နိုင်ငံ များရဲ့ တောင်းဆိုချက်များကို လက်ခံမှာ မဟုတ်ကြောင်း
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment