Wednesday, April 2, 2014

ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင်သာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိ



၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းများကို မတ်လ (၃၀) ရက်မှ စဆင်ပြီး ကောက်ယူခဲ့ရာ ဧပြီ (၁)ရက် တတိယနေ့အဖြစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့၌ ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသည့်နေရာများမှာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ ကောင်နန် ရပ်ကွက်နှင့်ဆိုင်းဂျာရပ်ကွက်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်ခေါင်ကျေးရွာအုပ်စုနှင့် ကောင်လွင်ကျေးရွာအုပ်စု၊ မန်စီမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၀၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ရှိ ကဆုန့်ရွာနှင့် ဇွပ်မိုင်ရွာ၊ ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် ဟင်ခုတ်ကျေးရွာအုပ်စု၊ နားခါးလုံကျေးရွာအုပ်စု၊ လွယ်ယား ကျေးရွာအုပ်စု၊ မန်တုံမြို့နယ် ပန်ကုံး ကျေးရွာအုပ်စုတို့ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment