Wednesday, April 2, 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း ဆောင်းပါပြိုင်ပွဲ စာမူရှင်များ ဖိတ်ခေါ်



ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော "RAISE TAXES ON TOBACCO" ကို အခြေခံ၍ ရေးရန်ဖြစ်ပြီး ဆောင်ပုဒ်နှင့် ညီညွတ်သော ခေါင်းစဉ်ကို မြန်မာဘာသာပြန်၍ မြန်မာဘာသာဖြင့် ကိုယ်တိုင်ရေး ဆောင်းပါးများ ပေးပို့နိုင်သည်။ စာမျက်နှာ ကန့်သတ်ချက်မှာ A-4 Size ဖြင့် စာမျက်နှာ (၅) မျက်နှာထက် မကျော်လွန်ရ။ ကွန်ပျူတာဖြင့် ရိုက်ထားသော စာမူ (၁)စောင်နှင့်အတူ စီဒီ (၁)ချပ်ကိုပါ ပူးတွဲ ပေးပို့ရမည်။ ၂၀၁၄ ခုနှစ် မေလ (၅)ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပြီး သတ်မှတ် ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော စာမူများကို လက်ခံမည်မဟုတ်။ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း အမှတ် (၅၂) ချင်းတွင်းလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့၍ ဆက်သွယ်ရန် ဖုန်း ၀၁-၂၃၀၅၈၂၉၊ ၀၉-၅၃၀၀၃၀၁ နှင့် ၀၉-၄၂၀၇၂၇၉၆၆ တို့ဖြစ်သည်။ ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၁)ပုံ၊ ကိုယ်ရေးရာဇ၀င်အကျဉ်း၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်များ ပူးတွဲ ပေးပို့ရန်ဖြစ်ပြီး ပထမဆု ငွေကျပ် (၇)သိန်း၊ ဒုတိယဆု (၅)သိန်း၊ တတိယဆု (၃)သိန်း၊ နှစ်သိမ့်ဆု (၂)သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment