တရုတ်သမ္မတ
ရှီကျင်းဖျင်ဟာ တရုတ်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ အိန္ဒိယ ဒုတိယသမ္မတ
မိုဟာမက်ဒ် ဟာမစ်ဒ်အန်ဆာရီနဲ့ ဘေဂျင်းမှာ (၃၀-၆-၁၄) ရက်နေ့က တွေဆုံခဲ့တယ်လို့ သိရပါသည်။
အန်ဆာရီဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး တရုတ်၊
အိန္ဒိယနဲ့ မြန်မာနိုင်ငံ တို့အကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်
သဘောတူခဲ့တဲ့ နှစ်(၆၀)ပြည့် အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါသည်။ ၄င်းတွေ့ဆုံပွဲမှာ
နှစ်နိုင်ငံ တာဝန်ရှိသူများဟာ စက်မှုလုပ်ငန်း၊ ရေအရင်းအမြစ်နဲ့ အိမ်အကူ လုပ်သားများအား
သင်တန်းပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး
ခဲ့ကြတယ်လို့ သိရှိရပါသည်။
No comments:
Post a Comment