အီဂျစ်လုံခြုံရေး
တပ်ဖွဲ့ဝင်များဟာ အီဂျစ်သမ္မတ အိမ်တော်အနီးမှာ မရှင်းလင်းရသေးတဲ့ ဗုံးတစ်လုံးကို ကြိုးစားရှာဖွေ
နေတယ်လို့ သိရပါသည်။ အစောပိုင်းရက်က အဲ့ဒီ့နေရာမှာပဲ ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့်
ရဲအရာရှိ တစ်ဦးသေဆုံးခဲ့ပြီး လူတော်တော် များများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ၄င်းနောက်
နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ အခြားရဲအရာရှိ တစ်ဦးလည်း သေဆုံးခဲ့ရပါသည်။
ပေါက်ကွဲမှုများဟာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချပြီး
ကတည်းက လက်နက်ကိုင် အကြမ်းဖက်သမားများဟာ လုံခြုံရေး တပ်ဖွဲ့များနဲ့ ရဲတပ်ဖွဲ့အား ပစ်မှတ်ထားကာ
ဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင် နေကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment