Monday, June 30, 2014

ရုရှားရေတပ် တပ်ဖွဲ့ဝင် (၄၀ဝ)ခန့်ဟာ မစ်စ်ထရယ်လ် စစ်သင်္ဘောနဲ့ ပတ်သက်ပြီး ပို့ချမဲ့ သင်တန်း တက်ရောက်ရန် ပြင်သစ်သို့ ရောက်ရှိ

ရုရှားရေတပ် တပ်ဖွဲ့ဝင် (၄၀ဝ)ခန့်ဟာ ယခုနှစ်ကုန် လောက်မှာ ရုရှားနိုင်ငံကို ပို့လွှတ်ရောင်းချမည့် ရဟတ်ယာဉ်၊ မစ်စ်ထရယ်လ် စစ်သင်္ဘောနဲ့ ပတ်သက်ပြီး ပို့ချမဲ့ သင်တန်း တက်ရောက်ရန် ပြင်သစ်နိုင်ငံကို (၃၀-၆-၁၄) ရက်နေ့က ရောက်ရှိခဲ့ကြကြောင်း သိရပါသည်။ အမေရိကန်နဲ့ ဥရောပနိုင်ငံ တစ်ချို့ဟာ မတ်လက ဖြစ်ပွားခဲ့တဲ့ ယူကရိန်းရဲ့ ခရိုင်းမီးယား ကိစ္စအပါအဝင် ရုရှားနိုင်ငံသို့ ယူရို(၁.၂)ဘီလီယံ တန်ဖိုးရှိ ရေတပ်ဆိုင်ရာ သင်္ဘောနှစ်စီး ရောင်းချမှုကို ပြန်လည်စဉ်စားရန် ပြင်သစ်နိုင်ငံအား တိုက်တွန်းခဲ့ကြ ပါသည်။ ပြင်သစ်နိုင်ငံ ကတော့ရုရှားနဲ့ အပေးအယူ ကိစ္စကို ဖျက်သိမ်းလိုက်ပါက ရုရှားထက် ၄င်းတို့အနေ့နဲ့ ပိုမိုထိခိုက်နစ်နာ ဆုံးရူံးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ရေရှည်ညှိနှိုင်း ဆွေးနွေးခဲ့ရတဲ့ အပေးအယူ ကိစ္စဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ကတည်းက ဆယ်စုနှစ် နှစ်ခုအတွင်း ရုရှားရဲ့ ပထမဦးဆုံး ပြည်ပမှ ဝယ်ယူမှုလည်း ဖြစ်ပြီး ရဟတ်ယာဉ် စစ်သင်္ဘောများဟာ တစ်စီးကို ရဟတ်ယာဉ် (၁၆)စီးအထိ တင်ဆောင်နိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment