Sunday, June 1, 2014

မြောက်ကိုရီးယား နိုင်ငံမြို့တော် ပြုံးယမ်းရှိ မန်ဂယွန်တယ် အပန်းဖြေဥယျာဉ်တွင် (၆၄)နှစ်မြောက် နိုင်ငံတကာ ကလေးများနေ့ကျင်းပ



မြောက်ကိုရီးယား နိုင်ငံမြို့တော် ပြုံးယမ်းရှိ မန်ဂယွန်တယ် အပန်းဖြေဥယျာဉ်တွင် (၆၄)နှစ်မြောက် နိုင်ငံတကာ ကလေးများနေ့ကို ဇွန်လ (၁)ရက်နေ့တွင် ကျင်းပခဲ့ရာ ချစ်ကြည်ရင်းနှီးမှု အစည်းအဝေးကိုပါ ထည့်သွင်းကျင်းပ ခဲ့ကြောင်း သိရသည်။ ၎င်း အခမ်းအနားသို့ မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် အကြီးအကဲများ တာဝန်ရှိသူများနှင့် ကလေးငယ်များ တက်ရောက်ကြသည်။ ထို့အပြင် နိုင်ငံခြားသံရုံးမှ တာဝန်ရှိသူများ မိသားစုဝင်များနှင့် ပြည်ပရောက် မြောက်ကိုရီးယား နိုင်ငံသားများလည်း တက်ရောက်ကြသည်။ ၎င်း အခမ်းအနားသို့ ကိုရီးယား ဒီမိုကရက်တစ် အမျိုးသမီး ရေးရာသမဂ္ဂမှ ဥက္ကဌ ကင်ဂျုံဆန်မှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီး နိုင်ငံရဲ့ ရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြကာ အားကစား ပွဲများလည်း ထည့်သွင်းကျင်းပ ခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment