အင်ဒိုနီးရှား
နိုင်ငံဘာလီကျွန်းမှာ (၁၀)ရက်ကြာ ကျင်းပပြုလုပ်သည့် ဂါလူဂန် ဘာသာရေး ပွဲတော်ရဲ့ နောက်ဆုံးရက်တွင်
ခူနင်ဂမ် အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ ၎င်းပွဲတော်ဟာ မကောင်းမှုတွေကို
ဖယ်ရှားပြီး ကောင်းမှုတွေကို ဆောင်ကျဉ်းပေးသည့် ယုံကြည်ချက်ရှိကြောင်း သိရသည်။ ခူနင်ဂမ်နေ့ကို
မကောင်းမှု တွေအပေါ် ကောင်းမှုတွေက အနိုင်ရယူလိုက်သည့် အောင်နိုင်မှုနေ့ တစ်နေ့အဖြစ်နှင့်
ဒေသခံများက ယုံကြည်ထားပြီး ဘိုးဘေးဘီဘင်များ၏ ဝိဥာဉ်များဟာ ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိ
သည့်နေ့အဖြစ် မှတ်သားထားကြ တယ်ဟု သိရသည်။ ဂါလူဂန်နဲ့ ခူနင်ဂမ်ပွဲတော်ကို ဘာလီကျွှန်းရဲ့
အဓိက ဘာသာရေး ပွဲတော်တစ်ခု အဖြစ် ကျင်းပလေ့ရှိပြီး ၄င်းပွဲတော်ကို တောင်းဆုပြုသူများ
ပေးကမ်းလှူဒါန်း မှုများနှင့် စည်ကားစေ သည့်အပြင် မိသားစုများ ပြန်လည်ဆုံစည်းစေတဲ့ ပွဲတော်တစ်ခုလည်း
ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment