ကျေးလက်နေ ပြည်သူများ၏
စာဖတ်ရှိန် မြှင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ
ညီလာခံ အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ဇွန်လ (၉)ရက်တွင်
ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့ဟောင်းကျေးရွာ အခြေခံပညာ
မူလတန်း ကျောင်းမှာ လည်းကောင်း၊ ဝက်တိုးကျေးရွာ ပညာဂုဏ်ရောင် စာကြည့်တိုက်မှာ လည်းကောင်း
ကျင်းပခဲ့ပါသည်။ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးမော်က ကျောင်းစာကြည့်တိုက် ဖွင့်လှစ်နိုင်ရေး၊
စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောကြားကာ
နတ်အိမ်တောင် (စံပြ) ကျေးရွာ၊ သုတဂုဏ်ရည် စာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဒေါ်ဌေးဌေးစိုး
က မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံ အတွေ့အကြုံများ ရှင်းလင်း ဟောပြော ဆွေးနွေးပြီး
စာဖတ်ဝိုင်းနှင့် နံရံကပ်စာ စောင်များ ပြသခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment