Wednesday, June 11, 2014

ကော့မှူးမြို့နယ် ကျွန်းကလေးကျေးရွာ မီးလင်းရေးဖွင့်ပွဲ၊ အလယ်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးလက်မီးလင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပံ့ပိုးမှု ကျေးရွာ ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ကော့မှူးမြို့နယ် ကျွန်ကလေးကျေးရွာတွင် (၅၀) ကေဗွီ ထရန်စဖော်မာ ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၁၁)ရက်က ကျင်းပရာ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ရေးမှူး ဦးညီညီဝင်းက အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်က ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မြို့နယ်လျှပ်စစ် အုပ်ချုပ်ရေးမှူး ဦးမြလှိုင် က လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲရေးနှင့် ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ကျွန်ကလေးကျးရွာ မီးလင်းရေး ၅၀ ကေဗွီ ထရန်စဖော်မာကို ကျေးရွာနာယက ဆရာတော် ဦးလက္ခံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမြင့်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းထိန် တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခု ကျွန်ကလေးကျးရွာ အိမ်ထောင်စု(၅၇)စုတွင် လျှပ်စစ်မီး သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။  နိုင်ငံတော် အစိုးရအနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ပညာရေးရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ညောင်ကုန်းကျေးရွာ အလယ်တန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲကို အဆိုပါကျောင်းရှေ့တွင် ဇွန်လ(၁၀)ရက်က ကျင်းပရာ ကော့မှူး မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှင့် ကျောင်းအုပ် ဆရာမကြီး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပါတယ်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး က အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် က ပညာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းမျာကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ကျောင်းသုံး ကွန်ပါဗူးနှင့် ခဲတံများ ထောက်ပံ့ပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ညောင်တုန်းကျေးရွာတွင် စုစုပေါင်းကျောင်းသား (၃၆၀)ကျော်ရှိပြီး အလယ်တန်း အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်သဖြင့် မူလွန်တက်ရောက် ပညာသင်ယူနေသော ကျောင်းသား/သူများသည် အလယ်တန်းပညာကို အိုးမကွာအိမ်မကွာ သင်ယူနိုင်တော့မည်ဖြစ်၍ ဝမ်းသာပီတိ ဖြစ်ရကြောင်း ကျေးရွာ ပြည်သူများ၏ ပြောကြားချက်အရသိ ရပါသည်။ အလားတူ ဘောလုံးကွင်းကျေးရွာ အလယ်တန်း ကျောင်းဆောင်သစ်ဖွင့်ပွဲကိုလည်း အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။


No comments:

Post a Comment