Wednesday, June 11, 2014

ကျွန်းစုမြို့နယ်၌ နံရံကပ်စာပေရေချမ်းစင်ရှိ စာအုပ်များအသစ်လဲလှယ်

အများပြည်သူများ စာပေကို လက်လှမ်းတစ်မှီ လေ့လာဖတ်ရှုနိုင်ရန် အတွက် ၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူစည်ကားရာ နေရာများတွင် နံရံကပ် စာပေရေချမ်းစင် များကို ဖွင့်လှစ်ထား ရှိခဲ့ပါတယ်။ အဆိုပါ နံရံကပ် စာပေရေချမ်းစင်များကို ဖွင့်လှစ်ထားရှိပြီး လစဉ်အလိုက် စာစဉ် အသစ်များကို လဲလှယ်ခြင်းများ ပြုလုပ်ဆောင်ရွက် ပေးလျှက်ရှိရာ ဇွန်လ (၉)ရက်နေ့တွင် အတွဲ (၂) အမှတ် (၅) စာအုပ်များကိုလည်း အသစ်လဲလှယ်ပေးခဲ့ပါသည်။ နံရံကပ် စာပေရေချမ်းစင်များ ထားရှိခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ပေးသဖြင့် ပြည်သူများ အနေဖြင့် အားလပ်ချိန်များတွင် ဖတ်ရှုရကြောင်း၊ စာအုပ်များမှာ ပေါ့ပါးပြီး ကိုင်တွယ်ဖတ်ရှုရ လွယ်ကူကြောင်း ၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အစရှိသော ကဏ္ဍ (၁၃)မျိုး ပါဝင်သည့် အတွက် မိမိကြိုက်နှစ်သက်ရာ စာအုပ်များကို ဖတ်ရှုရကြောင်း၊ ပြည်သူများရဲ့ ပြောကြားချက်အရ သိရှိရပါသည်။


No comments:

Post a Comment