ပထမအကြိမ်
ပြည်သူ့လွှတော် ဒသမပုံမှန် အစည်းအဝေး နဝမနေ့ကို ဇွန်လ(၁၁)ရက် နံနက်က ကျင်းပခဲ့ရာ သံလွင်မြစ်ပေါ်တွင်
ဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်း(၆)ခုနှင့် ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးများ
သုံးသပ်ကာ ဆောလျှင်စွာ အကောင်အထည်ဖော်ရေး အတွက် ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြရန်
အစီအစဉ် ရှိ/မရှိ ၊ စီးပွားရေး တက္ကသိုလ်မှာ ဘဏ်လုပ်ငန်းကို အထူးပြုဘာသာရပ် သတ်မှတ်ပြီး
သင်ကြားပေးရန်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းညာ ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်
ရှိ/မရှိ၊ ကျူးကျော်ပြသနာ ဖြေရှင်းခြင်း အပါအဝင် အိမ်ယာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်
မြို့သစ်အိမ်ယာ မြေကွက် ဖော်ထုတ်မှု စီမံကိန်းကို ၂၀၁၅ ခုနှစ်ကုန် မတိုင်မီ ကာလအတွင်း
စတင်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းများ အပါအဝင် မေးခွန်း(၈)ခု မေးမြန်းခဲ့ရာ
သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ပြန်လည်ဖြေကြား ခဲ့ကြပါတယ်။ ဆက်လက်ပြီး
The Whipping Act (1909) ကြိမ်ဒဏ်ပေးခြင်း အပ်ဥပဒေကို ရုပ်သိမ်းခြင်း ဥပဒေကြမ်း ၂၀၁၂
ခုနှစ် အခြေခံပညာရေး ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ် မြန်မာစာအဖွဲ့ ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ်
ပညာရေး သုတေသန ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ်
တက္ကသိုလ် ပညာရေး ဥပဒေကြမ်းများကို ရုတ်သိမ်းရန် တင်ပြ အဆုံးအဖြတ် ရယူခြင်းတို့ ဆောင်ရွက်ကြမှာ
ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment