ယခုဆိုရင် ကျွန်းစုမြို့နယ်သို့
နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလာရာ ဇွန်လ (၈)ရက်နေ့တွင်
ဒိန်းမတ်နိုင်ငံသား မစ္စတာ ဖရစ် ဂတ် အန်တန် ဝီဘတ်ဂ်ျ နှင့် ဇွန်လ (၉)ရက်နေ့တွင် တရုတ်နိုင်ငံသား
မစ္စတာ ဒန်တန် နှင့် မစ္စတာ ကျန်းမိ တို့သည် အမြန်ရေယာဉ်ဖြင့် အလည်အပတ် လာရောက်ခဲ့ကြပါသည်။
ကျွန်းစု- မြိတ် အမြန်ရေယာဉ်များ ပြေးဆွဲလျှက်ရှိသည့်နှင့် အညီ အများ ပြည်သူများ နိုင်ငံခြားခရီးသွား
ဧည့်သည်များနှင့် မြို့ပေါ်ရှိ ပြည်သူများမှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အစရှိသည့်
လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပြီး ကျွန်းစုမြို့ ဆိပ်ကမ်းတွင်လည်း
စည်းကားလျှက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment