တရုတ်နိုင်ငံရဲ့
ကူမင်းမီးရထား ဘူတာရုံမှာ မေလ(၁) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ
ပါဝင်ပတ်သက်တဲ့ လူလေးဦးကို တရားစွဲဆိုခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့က
(၃၀-၆-၁၄) ရက်နေ့က ကြေငြာခဲ့ကြောင်း သိရပါသည်။ ၄င်းသံသယ ရှိသူများကို ကူမင်းမြို့ ပြည်သူ့
ကိုယ်စားလှယ်အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ တာဖြစ်ကြောင်း ၄င်းတို့ဟာ နိုင်ငံတကာ လူသတ်သမားများ
ဖြစ်တဲ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုများမှာ ဦးဆောင်ပါဝင်ပြီး စနစ်တကျ စုစည်းထားတဲ့
အဖွဲ့မှာ ပါဝင်သူများ ဖြစ်ကြောင်း ထိပ်တန်းပြည်သူ့ ကိုယ်စားလှယ် အဖွဲ့က ကြေငြာချက်
ထုတ်ပြန်ခဲ့ပါသည်။ ၄င်းအဖွဲ့ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ မီးရထား
ဘူတာရုံမှာ အရပ်သားများကို ဓါးများဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊(၂၉)ဦး သေဆုံးကာ
(၁၄၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ရဲတပ်ဖွဲ့ဟာ တိုက်ခိုက်ရေး သမား(၄)ဦးကို ပစ်သတ်ခဲ့ပြီး
အခြား(၄)ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment