Wednesday, June 11, 2014

မြို့သစ်မြို့နယ်အတွင်း လေယာဉ်ပျက်ကျမှုဖြစ်ပွား

မကွေးခရိုင်၊ မြို့သစ်မြို့အနီး ယောင်းမငရွာ အနောက်ဘက် တောင်သူ ဦးစောမောင်၏ ယာခင်းအတွင်းသို့ မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်လေယာဉ်တစ်စီး ဇွန်လ(၁၁)ရက် နံနက် (၈)နာရီက ပျက်ကျမှုဖြစ်ပွားခဲ့သည်။ ယင်းလေယာဉ်မှာ မကွေးလေတပ်စခန်းဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး နှင့် ဗိုလ်ကြီးကျော်ဇင်သန့်တို့ လေ့ကျင့်မောင်းနှင်နေစဉ် လေယာဉ်မီးလောင်၍ ယောင်းမငရွာ အနောက်ဘက် တောင်သူ ဦးစောမောင်၏ ယာခင်းအတွင်းသို့ ထိုးကျခဲ့ရာ လေယာဉ်မောင်း(၂)ဦး လေထီးဖြင့်ခုန်ချခဲ့သဖြင့် လွတ်မြောက်သွားကြောင်းနှင့် လေယာဉ်အမျိုးအစားမှာ MIG-29 အပြာရောင်လေယာဉ်ဖြစ်ကြောင်း သိရသည်။



No comments:

Post a Comment