(၃)ကြိမ်မြောက်
အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် ဆွေးနွေးဖက်သုံးနိုင်ငံ အစည်းအဝေးကို
ဇွန်လ(၁၁)ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန
(MICC-II)၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၊ ၀န်ကြီးဌာနအောက်ရှိ
ဦးစီးဌာနနှင့် လုပ်ငန်းများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက်သုံးနိုင်ငံဖြစ်သည့်
တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ
တာဝန်ရှိသူများနှင့် လေ့လာသူများ တက်ရောက်ကြသည်။
No comments:
Post a Comment