ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် ဂျပန်နိုင်ငံ Ministry of Interal Affairs and
Communications မှ ညွှန်ကြားရေးမှူးချုပ် Mr. Soichiro SEKI တို့သည် ဇွန်လ (၁၁)ရက် နံနက်(၈)နာရီတွင်
လည်းကောင်း၊ တရုတ်နိုင်ငံ State Council Information Office မှ ဒုတိယညွှန်ကြားရေးမှူးချုပ်
Mr. Xu Ying နှင့် နံနက် (၈)နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-II)၌ သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို
ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment