Sunday, June 1, 2014

လော့စ်အိန်ဂျလိစ် မြို့တော်ဝန် လက်နက်ပြန်လည် ဝယ်ယူမှု အစီအစဉ်ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း



လော့စ်အိန်ဂျလိစ်ရှိ ဒေသခံများဟာ သေနတ်များကို  ဂစ်ဖ်ကဒ်များနဲ့ လဲလှယ်ရန် နှစ်သက်မှု မရှိသော်လည်း အမေရိကန် နိုင်ငံရဲ့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန်ကတော့ လက်နက်ပြန်လည် ဝယ်ယူမှု အစီအစဉ်ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါသည်။ မြို့တော်ဝန်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်က စန်တာဘာဘရာ တက္ကသိုလ် ပုရဝုဏ်အတွင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုပြီးနောက် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ဒီနှစ်မှာ လက်နက်များ ပြန်လည်ဝယ်ယူ ရန်အတွက် နေရာ(၄)နေရာ သတ်မှတ်ထားပြီး မြိုတော်အနေနဲ့ ပစ္စတို သေနတ်များနဲ့ ရိုင်ဖယ်သေနတ် များအတွက် ဂစ်ဖ်ကဒ်များကို အမေရိကန် ဒေါ်လာ(၁၀၀) သတ်မှတ်ထားပြီး အခြားလက်နက် များအတွက် လဲလှယ်ရန် အမေရိကန် ဒေါ်လာ(၂၀၀)တန် ဂစ်ဖ်ကဒ်များကို ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါသည်။ မြို့တော်တစ်ဝန်း လက်နက်ပြန်လည် ဝယ်ယူမှုကို (၂၀၀၉)ခုနှစ် ကတည်းက အစီအစဉ် တစ်ခုအနေနဲ့ စတင်ပြုလုပ်ခဲ့ပြီး ၎င်းတို့ရဲ့ သေနတ်များကို အလိုက်တသိ ပြန်လည်ပေးအပ်တဲ့ ပြည်သူများကို ဆုကြေးအနေနဲ့ ပြန်လည်ချီးမြင့်ခဲ့ကြောင်း လော့စ်အိန်ဂျလိစ် ရဲဌာန အန်အေပီဒီရဲ့ မှတ်တမ်းများအရ သိရပါသည်။ အန်အေပီဒီဟာ လက်နက်ပြန်လည် ဝယ်ယူမှုမှာ လက်နက်(၂) ထောင်ကျော်ကို စုစည်းရရှိထားပြီး လက်နက် အရေအတွက် ဘယ်လောက်များများ စုစည်းရရှိ မလဲဆိုတဲ့ ရလာဒ်ကိုတော့ မျှော်လင့်လျက် ရှိကြောင်း သိရှိရပါသည်။


No comments:

Post a Comment