Sunday, June 1, 2014

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်ဝေဂေါ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဟာရီကိန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်



တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်ဝေဂေါ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဟာရီကိန်း မုန်တိုင်း မေလ (၃၁)ရက်နေ့က ဝင်ရောက်တိုက်ခတ် ခဲ့မှုကြောင့် အဝေးပြေး လမ်းမပေါ်တွင် ခရီးသည်ပေါင်း (၁၀ဝ)ကျော် သောင်တင်လျက် ရှိကြောင်း သိရသည်။ ၄င်းမုန်တိုင်းဟာ (တိုခုဆန်)မှာ ဒေသစံတော်ချိန် (၁၁းဝ၀)နာရီတွင် စတင် တိုက်ခတ်ခဲ့တာ ဖြစ်ပြီး အဝေးပြေးလမ်းမတွင် လေပြင်းတိုက်ခတ် မှုကြောင့် မြင်နိုင်တဲ့ အကွာအဝေးသည် (၂)မီတာအောက် သာရှိခဲ့ပါသည်။ ထို့အပြင် ရာဦဥတု ဆိုးရွားမှုကြောင့် ၄င်းမြို့နှင့် အဝေးပြေး လမ်းမများတွင် ယာဉ်သွားလာမှု နှောင့်နှေးကြန့်ကြာ လျက်ရှိသည်။ ၄င်းမုန်တိုင်း တိုက်ခတ်ရာနေရာသို့ မီးသတ်သမားများနှင့် အဝေးပြေးလမ်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သောင်တင်လျက်ရှိသည့် ခရီးသည်များအား ကယ်ဆယ်မှု ပြုလုပ်ပေးခဲ့ရာ ဘေးကင်းရာသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပါသည်။ ဒေသခံ ရဲတပ်ဖွဲ့မှ ၄င်းမုန်တိုင်းဟာ တဖြည်းဖြည်း ရွေ့လျားသွားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment