Tuesday, June 10, 2014

ဓာတ်ငွေ့ဈေးနှုန်းကဏ္ဍကို ဖြေရှင်းခြင်းနဲ့ ပတ်သတ်တဲ့ ရုရှား ယူကရိန်းနဲ့ ဥရောပ ကော်မရှင်တို့ကြား ဆွေးနွေးပွဲဟာ သဘောတူညီမှု မရရှိခဲ့

ဓာတ်ငွေ့ဈေးနှုန်းကဏ္ဍကို ပြေလည်အောင် ဖြေရှင်းခြင်းနဲ့ ပတ်သတ်တဲ့ ရုရှား ယူကရိန်းနဲ့ ဥရောပကော်မရှင်တို့ကြား (၈)နာရီကြာ ဆွေးနွေးပွဲဟာ သဘောတူညီမှု မရရှိဘဲ (၁၀-၆-၁၄) ရက်နေ့က အစောပိုင်းက ပြီးဆုံးခဲ့ကြောင်း သိရပါသည်။ ယူကရိန်းနိုင်ငံဟာ ဓာတ်ငွေ့ဘေလ် ပေးဆောင်ဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် ရုရှားနိုင်ငံဟာ ယူကရိန်းကို ဓာတ်ငွေ့ထောက်ပံ့ခြင်းကို ဖြတ်တောက်ဖို့ (၁၀-၆-၁၄) ရက်နေ့က မနက်အစောပိုင်းမှာ ခြိမ်းခြောက်ခဲ့ပြီး ဒါဟာ ဥရောပ အထောက်အပံ့များအတွက်ပါ အကျိုးဆက်များ ဖြစ်ပေါ်နိုင်ကြောင်း သိရပါသည်။ ယူကရိန်းစွမ်းအင် ဝန်ကြီး ယူရီပရိုဒန်က ဘရပ်ဆဲလ်မှာ ဥရောပကော်မရှင်က စီးပွားရေး အကျိုးဆောင်ခဲ့ခြင်းကြောင့် ပြည်ပတင်ပို့ရန် ဈေးနှုန်းလျော့ကျခြင်းနဲ့ ဆက်စပ်တဲ့ ရုရှားရဲ့ ဈေးနှုန်းလုပ်ထုံးလုပ်နည်း အဆိုပြုချက်အပေါ်မှာ ဝိုးတဝါးဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားစွမ်းအင်ဝန်ကြီး အလက်ဇန်းဒါးနိုမက်ခ်က ၄င်းဟာ အပြုသဘောဆောင်တဲ့ အဆိုပြုချက်ကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူနဲ့ ပရိုဒန်တို့က ဆွေးနွေးပွဲများကို ဘရပ်ဆဲလ်မှာ (၁၁-၆-၁၄) ရက်နေ့ မနက် ကိုးနာရီမှာ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment