Tuesday, June 10, 2014

ဩစတြေးလျဟာ မလေးရှား ပျောက်ဆုံးလေယာဉ် ရှာဖွေရေးဧရိယာရှိ ပင်လယ်ရေအောက် ကြမ်းပြင်မြေပုံ ရေးဆွဲရန် ပုဂ္ဂလိက ကုမ္မဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆို

ဩစတြေးလျနိုင်ငံဟာ မလေးရှား ပျောက်ဆုံးလေယာဉ် (အမ်အိတ်-၃၇၀) ရှာဖွေရေးဧရိယာရှိ ပင်လယ်ရေအောက် ကြမ်းပြင်မြေပုံ ရေးဆွဲရန်အတွက် ပုဂ္ဂလိက ကုမ္မဏီတစ်ခုနဲ့ (၁၀-၆-၁၄) ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါသည်။ ဒါဟာ အခုနှစ်နှောင်းပိုင်းမှာ ဆက်လက်ပြုလုပ်မဲ့ ရေအောက်ရှာဖွေရေး လုပ်ငန်းစဉ်အတွက် အရေးပါတဲ့အဆင့် ဖြစ်ကြောင်း သိရပါသည်။ ၄င်းပျောက်ဆုံးလေယာဉ်အား လပေါင်းများစွာ ရှာဖွေမှုဟာ မအောင်မမြင်ဖြစ်ခဲ့ပါသည်။ နောက်တစ်ဆင့် ရှာဖွေမှုအဖြစ် စစ်ဘက်ဆိုင်ရာမှ ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးမှာဖြစ်ပြီး ဩဂုတ်လမှာစတင်ရန် ခန့်မှန်းထားပြီး အမေရိကန်ဒေါ်လာ (၅၆.၁၆)သန်းကျော် အကုန်ကျခံကာ သမုဒ္ဒရာရေပြင် စတုရန်း ကီလိုမီတာ ခြောက်သောင်းကို လွှမ်းခြုံရှာဖွေမှာ ဖြစ်ပါသည်။ ၄င်းရှာဖွေမှုဟာ လေကြောင်းပျံသန်းမှု သမိုင်းမှာ အကုန်ကျအများဆုံး ဖြစ်ခဲ့ပြီဖြစ်ပါသည်။ ဩစတြေးလျ သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ် ကင်းရှင်းရေးဗျူရိုဟာ ဒုတိယအဆင့် ရှာဖွေမှုမစတင်ခင် မရှိမဖြစ်လိုအပ်တဲ့ ရေအောက်မြေပုံ ရေးဆွဲရေးမှာ ပါဝင်ရန် (ဒတ်ခ်ျ မာတီနေရှင်းနယ် ဖူဂရို)ရဲ့ လက်အောက်ခံ ကုမ္မဏီကို ရွေးချယ်ခဲ့တာဖြစ်ပါသည်။ ဂြိုလ်တုအချက်အလက်များက ထုတ်ပြန်တဲ့ ၄င်းလေယာဉ် နောက်ဆုံးတည်ရှိရာ ဩစတြေးလျရဲ့ အနောက်မြောက်ဘက် ကမ်းခြေအနီး ၄င်းလေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းမှ အသံကြားရပြီးနောက် ဧပြီလမှာ ရှာဖွေရေးဧရိယာကို လျော့နည်းစေခဲ့ပါသည်။ ဒါပေမဲ့ လေယာဉ်မှ ပျက်စီးမှု အကြွင်းအကျန်များကို ၄င်းနေရာမှာ မတွေ့ရှိကြောင်းနဲ့ ရှာဖွေရေး ဧရိယာကို ချဲ့ထွင်သွားမှာ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment