ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းသည် ဇွန်လ (၉)ရက်နေ့က ပဲခူးမြို့ သီရိဟံသာ ခန်းမတွင် ကျင်းပသော
၂၀၁၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ်
အလေးမပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး
ဒေါက်တာကျော်ဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုး တို့နှင့်အတူ
(၁၀၅)ကီလိုတန်းမှာ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆု ရရှိသူတို့အား၎င်း၊ (၆၂)ကီလိုတန်း အကောင်းဆုံး
အလေးမဆု (အမျိုးသား)နှင့် (၆၃)ကီလိုတန်း အကောင်းဆုံး အလေးမဆု (အမျိုးသမီး) ဆုရရှိသူတို့အား၎င်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် ပထဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ ဒုတိယဆု ရရှိသော
ပဲခူးတိုင်းဒေသကြီး၊ တတိယဆု ရရှိသော ဧရာဝတီတိုင်း ဒေသကြီးတို့အား၎င်း ဆုများချီးမြှင့်ခဲ့ကြပြီး
တံခွန်စိုက်ဒိုင်းဆုနှင့် ဆင့်ပွားဒိုင်းအား ပထမဆု ရရှိသော ရန်ကုန်တိုင်း ဒေသကြီးအား
ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment