သမဝါယမ ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသန်းထွန်းသည် ဇွန်လ (၇)ရက်နေ့တွင် ပုသိမ်မြို့နယ် မြင်းကကွင်း ကျေးရွာ
ဘုန်းတော်ကြီး ကျောင်းတွင် ရပ်မိ၊ ရပ်ဖများနှင့် သမဝါယမ အသင်းသား စုစုပေါင်း အင်အား(၆၈၀)အား
၎င်း၊ ရွာဟောင်းကြီး ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ရပ်မိ၊ ရပ်ဖများနှင့် သမဝါယမ အသင်းသားများ စုစုပေါင်း
အင်အား (၃၅၀)အား၎င်း တွေ့ဆုံပြီး ဒုတိယဝန်ကြီးမှ ဝန်ကြီးဌာန အနေဖြင့် ဦးတည်ချက် (၂)ရပ်နှင့်
လုပ်ငန်းစဉ်(၅)ရပ်၊ အသင်းသားအကျိုး၊ အသင်းအကျိုး၊ အချင်းချင်း ထိန်းကျောင်းသည့် ဝိုင်းကြီးချုပ်စနစ်၊
ချေးငွေ ထုတ်ချေးသည့် နည်းလမ်းများ၊ လုပ်ငန်းများ အောင်မြင်ရန် ထားရှိ မွေးမြူကြရမည့်
စိတ်ဓါတ်၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး
စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးလှခိုင်မှ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်
ဆောင်ရွက်နေမှု လုပ်ငန်း အခြေအနေ များအား၎င်း၊ ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု များအား၎င်း၊ ပုသိမ်ခရိုင် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား၎င်း၊
မြို့နယ် ပညာရေး ဦးစီးဌာန လက်ထောက် မြို့နယ် ပညာရေးမှူးမှ ပညာရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ပေးနေမှု
များအား၎င်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးမှူးမှ ကျန်းမာရေးနှင့် ပတ်သက်၍
ဆောင်ရွက်ပေးနေမှု များအား၎င်း ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက် လာသူများ၏ မေးမြန်းချက်များ
အပေါ် သက်ဆိုင်ရာ ဌာနများမှ ပြန်လည် ဖြေကြားပေးခဲ့ပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို
ဖြည့်စွက် မှာကြားကာ မြင်းကကွင်း ကျေးရွာ ကျောင်းထိုင် ဆရာတော်အား (ဝှီးချဲလ်) တစ်စီးနှင့်
အလှူငွေများ လှူဒါန်းခဲ့ပြီး ရွာဟောင်းကြီး ဘုန်းတော်ကြီးကျောင်း သွပ်မိုးပြုပြင်ရန်
အတွက် အလှူငွေကျပ် (၁)သိန်း ပေးအပ်လှူဒါန်း ခဲ့ပါသည်။ ဒုတိယဝန်ကြီး ဦးသန်းထွန်းနှင့်
အဖွဲ့သည် ဇွန်လ (၉)ရက်နေ့မှာ ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ အစည်းအဝေး ခန်းမတွင်
မြို့နယ်ခွဲ အတွင်းရှိ ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၁၄)ရွာတို့မှ သမဝါယမ အသင်းသားများ
စုစုပေါင်း(နှစ်ရာ) တို့နှင့် တွေ့ဆုံပြီး သမဝါယမ စနစ်ဖြင့် ပြည်သူအကျိုး ဆောင်ရွက်နေမှုအား
ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးရွာပြည်သူများ၏ ဆွေးနွေး တင်ပြချက်များအား ဒုတိယဝန်ကြီးမှ
ပြန်လည် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment