အနာဂတ်အတွက် ရင်းနှီးမြုပ်နှံ
ငှက်ဖျားတိုက်ဖျက်ရန် ဆိုသည့် အတိုင်း အမေရိကန် အခြေစိုက် URC CAP Malaria ငှက်ဖျားတိုက်ဖျက်ရေး
အဖွဲ့မှ ဇွန်လ (၁၀)ရက် ကမ္ဘာ့ငှက်ဖျားတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျွန်းစုမြို့နယ်
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမမှာ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး
က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဘုန်းနိုင်မှ ငှက်ဖျားရောဂါ
အကြောင်း သိကောင်းစရာများနှင့် မိုးရာသီကျရောက်ပြီ ဖြစ်၍ သွေးလွန် တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့်
လိုက်နာသင့်သည့် အချက်အလက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် (URC CAP Malaria) အဖွဲ့နှင့် (Field
Operation Coordinator ) ဒေါက်တာ နောင်နောင်တွင် UCR လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြီး
(URC CAP Malaria) အဖွဲ့မှ ကျွန်းစုမြို့နယ် တာဝန်ခံ ဒေါက်တာ စောနောင်နောင် က လက်ရှိလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့်
နောက်လုပ်ကိုင် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ထို့နောက်
UCR အဖွဲ့မှ စေတနာ့ဝန်ထမ်းများက ငှက်ဖျားရောဂါ အကြောင်း သိကောင်းစရာ ဗဟုသုတများ အဖြစ်
တစ်ခန်းရပ် ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး UCR စေတနာ့ ဝန်ထမ်းများအား URC
CAP Malaria အဖွဲ့ ကျွန်းစုမြို့နယ် တာဝန်ခံမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး
အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
No comments:
Post a Comment