မကွေးတိုင်းဒေသကြီး
မကွေးမြို့နယ်၊ မကျီးကန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဇွန်လ (၁၁)ရက်နေ့ က
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မကွေးမြို့နယ် သတင်းစာဆရာများ
အသင်းနှင့် ပူးပေါင်း၍ မိုဘိုင်း လိုင်ဘရီ (နယ်လှည့်ရွေ့လျား စာကြည့်တိုက်) အား ဖွင့်လှစ်
ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြည့်ရှုခဲ့ပါသည်။
မိုဘိုင်း လိုင်ဘရီ ပြသပွဲသို့ လာရောက် လေ့လာသော ကျောင်းသား၊ ကျောင်းသူများအား မကွေးမြို့နယ်
သတင်းစာ ဆရာများအသင်းမှ စာရေးကရိယာများ အမှတ်တရ ဝေငှ ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းသားတစ်ဦးမှ
ယခုလို ခင်းကျင်းပြသသော မိုဘိုင်း လိုင်ဘရီ စာကြည့်တိုက်များ လစဉ်ပုံမှန် လာရောက်ဖွင့်လှစ်ပေးမည်
ဆိုပါက ပညာဗဟုသုတ တိုးပွားရရှိပြီး ကျောင်း အားလပ်ချိန်များတွင်လည်း သုတ၊ ရသစာအုပ်များကို
ဖတ်ရှုနေရ၍ အသိပညာများ တိုးပွားပါကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment