Wednesday, June 11, 2014

ရန်ကုန်တိုင်းဒေသကြီး မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (GAP) မွမ်းမံသင်တန်းတွင် လက်တွေ့ဆောင်ရွက်မှု ကွင်းဆင်းအားပေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာ ပညာပေး ရှေ့တန်းစခန်း နယ်မြေတွင် ကျင်းပတဲ့ မိုးစပါး သိပ္ပံနည်းစနစ် (GAP ) မွမ်းမံသင်တန်း နှင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုကို စိုက်ပျိုးရေး ဦးစီးဌာန (ရုံးချုပ်)၊ စိုက်ပျိုးပညာပေးရေး ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးအေးကိုကိုသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးကိုကိုကြီး လိုက်ပါလျက် အခုလ(၉)ရက်နေ့က ကွင်းဆင်းအားပေးပြီး တောင်သူများ အကျိုးရှိစေမည့် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ သုံးစွဲရေး၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (ွGAP) ကို တောင်သူများ နားလည်လက်ခံပြီး လိုက်နာကျင့်သုံးအောင် စည်းရုံးဆောင်ရွက်ကြရန် နှင့် တောင်သူပညာပေး စံပြကွက်များကို ကျေးရွာအဆင့် အထိ(၅)ဧက၊ (၁၀)ဧက စိုက်ပျိုးပြသရေး၊ ဝန်ထမ်းများမှ တောင်သူလယ်သမားများ အပေါ် စေတနာထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူးသည် ညောင်သုံးပင် ကျေးရွာရှိ တောင်သူ ဒေါ်ဇင်မာကျော်၏ လယ်မြေ(၃၇)ဧက စိုက်ပျိုးရန် ဘောင်ပေါင်စနစ်ဖြင့် မိုးစပါး ပျိုးထောင်ထားရှိမှု၊ ကို ကြည့်ရှုပြီး တောင်သူလယ်သမား အတွက် စံပြဖြစ်အောင် စိုက်ပျိုးပြသရေး၊ ခေတ်မီစက်ကိရိယာများ သုံးစွဲရေး၊ အလေ့အလွင့် နည်းအောင် ရိတ်သိမ်းချွေလှေ့စက်များ တိုးချဲ့သုံးစွဲနိုင်ရေး နှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေး မှာကြောင်းခဲ့ကြောင်း သိရှိရပါသည်။




No comments:

Post a Comment