Thursday, July 31, 2014

ပဲရစ်အော်ပရာ ကုမ္ပဏီမှ ဘဲလေးကခြေသည်များဟာ ကလေးငယ်များရဲ့ ဘဲလေး အကများ ပိုမိုတောက်ပစေရန် အထူးသင်တန်း ပို့ချ

ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသဟာ (၂၀၁၁)ခုနှစ် ဆူနာမီဒဏ်နဲ့ နျူကလီးယား ဘေးအန္တရာယ်ဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး ပဲရစ်အော်ပရာ ကုမ္ပဏီမှ ဘဲလေးကခြေသည်များဟာ ၄င်းဒေသရှိ ကလေးများကို အထူးသင်တန်း ပို့ချပေးမှာ ဖြစ်ကြောင်း သိရပါသည်။ ကလေးငယ်များရဲ့ ဘဲလေးအကများ ပိုမိုတောက်ပစေဖို့ ပြောင်းလဲပေးမှာ ဖြစ်ပါသည်။ အခုရောက်ရှိလာတဲ့ ဘဲလေးအက ပညာရှင်များဟာ ဒုတိယအကြိမ် လာရောက်တာဖြစ်ပြီး ယခင် ကျောင်းသားအချို့ဟာ ယခုသင်တန်းနဲ့ ပေါင်းစည်းရန် ရောက်ရှိလာကြပါသည်။ ယခုအကပညာရှင်များဟာ ဥရောပနဲ့ အမေရိကန်တို့မှ ကျွမ်းကျင်အကပညာရှင်များ ဖြစ်ပြီး လူငယ်ကြယ်ပွင့်လေးများ ဖြစ်ကြောင်း သက်သေပြမှာ ဖြစ်တယ်လို့ သိရှိရပါသည်။ 

No comments:

Post a Comment