လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည်
ဇွန်လ(၂၇)ရက်နေ့တွင် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဗဟိုကယ်ဆယ်ရေး ဂိုဒေါင်သို့
ရောက်ရှိပြီး ရေဝင်ရောက်မှုကြောင့် ပြန်လည် ပြင်ဆင်ထားမှု များအား ကြည့်ရှုပြီး လိုအပ်သည်များ
မှာကြားပါသည်။ မွန်းလွဲပိုင်းတွင် (ဆမ်းမစ် ပတ်ခ်ဗျူး) ဟိုတယ်၌ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့်
ပြည်တွင်း လူမှုရေး အဖွဲ့အစည်း(၉)ဖွဲ့မှ အတူလက်တွဲ ဆောင်ရွက်နေသည့် ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ ဒေသတွင်းရွှေ့ပြောင်း နေရသူများအတွက် လူသားချင်းစာနာမှု
ဆိုင်ရာ အကူအညီပေးရေး ပူးပေါင်း လုပ်ငန်းစဉ် ရှင်းလင်းပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး
အမှာစကား ပြောကြားပါသည်။
No comments:
Post a Comment