ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံရဲ့နျူကလီးယားစွမ်းအင်စက်ရုံများ
ပြန်လည်လည်ပတ်ခြင်းကို ခွင့်မပြုဖို့အတွက် ဆန္ဒပြသူများဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ
အမျိုးသားဥပဒေပြု လွှတ်တော်ရှေ့မှာ သြဂုတ်လ (၃၀)ရက်နေ့က စုရုံး ဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။
ဖူကူရှီးမားနျူကလီးယား ညစ်ညမ်းမှုကြောင့် စွန့်ခွါထွက်ပြေးလာသူများနဲ့ အတိုက်အခံပြု
ဥပဒေပြအမတ်များပါဝင်တဲ့ ဆန္ဒပြသူများဟာ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်နေပေမဲ့
နျူကလီးယားစွမ်းအင် အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်နေတဲ့ အစိုးရကို ပြစ်တင်ဝေဖန်ခဲ့ပါသည်။
No comments:
Post a Comment