Thursday, August 7, 2014

အီဗိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ စပိန်လူမျိုး ခရစ်ယန် ဘုန်းကြီးအား လိုင်ဘေးရီးယားမှ စပိန်သို့ ပြန်လည်ခေါ်ယူ




အီဗိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ စပိန်လူမျိုး ခရစ်ယန် ဘုန်းကြီးအား လိုင်ဘေးရီးယားမှ စပိန်သို့ ပြန်လည်ခေါ်ယူခဲ့ပြီး လူနာတင်ယာဉ်(၃)စင်းဟာ မဒရစ်အခြေစိုက် တော်ရဲဟွန်-ဒယ်-အားဒေါ့စ်လေဆိပ်မှ ကားလို့စ်-သရီး ဆေးရုံသို့ ပို့ဆောင်ကာ ကုသသွားမှာ ဖြစ်ပါတယ်။ အသက်(၇၅)နှစ်အရွယ် (မီဂူရယ်-ပါဂျားစ်)ဟာ လိုင်ဘေးရီးယားမှာ တာဝန်ထမ်းဆောင်နေစဉ် အီဗိုလာကူးစက်ခံရကြောင်း မွန်ရိုးဗီးယား ဆေးရုံတစ်ခုမှာ စမ်းသပ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စပိန်လူမျိုး သီလရှင်တစ်ဦးကိုလဲ ပြန်လည်ခေါ်ယူမှာ ဖြစ်ပြီး ၄င်းမှာ အီဗိုလာဗိုင်းရပ်စ် မတွေ့ရပေမယ့် ကူးစက်နိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အီဗိုလာဟာ လူကိုသေစေနိုင်တဲ့ ရောဂါမျိုးဖြစ်ပြီး ဖေဖော်ဝါရီလက အာဖရိက အနောက်ပိုင်းမှာ လူ(၉၀ဝ)နီးပါး သေဆုံးခဲ့ပြီး လျင်မြန်စွာ ပျံနှံလျက်ရှိပါတယ်။ (ပါဂျာစ်)ဟာ အီဗိုလာဗိုင်းရပ်စ် တွေ့ရှိတဲံ ပထမဦးဆုံး စပိန်လူမျိုးဖြစ်ပြီး ၄င်းတို့အား မက်ဒရစ်ရှိ ကားလို့စ်-သရီး ဆေးရုံမှာ ထားရှိသွားမှာ ဖြစ်ကြောင်း ဒေသမီဒီယာက ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment