Thursday, August 7, 2014

(၇၂)နာရီကြာ အပစ်အခတ်ရပ်စဲရေး စတင်သည့် ပြီးခဲ့သောအင်္ဂါနေ့ နံနက်ကစပြီး အစ္စရေး၏ မြေပြင်တပ်များ ဆုတ်ခွာခဲ့




 (၇၂)နာရီကြာ ယာယီအပစ်အခတ်ရပ်စဲရေးရဲ့ တတိယမြောက်နေ့ဖြစ်တဲ့ ဩဂုတ်လ(၇)ရက်နေ့ ရောက်ချိန်မှာတော့ အစ္စရေးတပ်ဖွဲ့ဝင်များဟာ ဂါဇာနယ်စပ်အနီးမှာ တပ်ဖြန့်ထားပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို သက်တမ်းတိုးဖို့ အစ္စရေးဖက်မှ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကိုင်ရိုအခြေစိုက် ဟားမက်ဇ် လူမှုရေးခေါင်းဆောင် တစ်ဦးဟာ ကာလရှည် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူမှာ မဟုတ်ကြောင်း ဇူလိုင်လ(၆)ရက်နေ့က တွစ်တာကို ပြောကြားခဲ့ပါတယ်။ (၇၂)နာရီကြာ အပစ်အခတ်ရပ်စဲရေး စတင်တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်ကစပြီး အစ္စရေးရဲ့ မြေပြင်တပ်များ ဆုတ်ခွာခဲ့ပြီး ကာလရှည် သဘောတူမှုရဲ့ ပထမအဆင့်အဖြစ် ဟားမက်ဇ်နဲ့ အီဂျစ်တို့ ဆွေးနွေးလျက်ရှိပါတယ်။ ဂါဇာကမ်းမြှောင်မှ ပစ်ခတ်တဲ့ ဒုံးကျည်များ နေ့စဉ်ကျရောက်လျက်ရှိတဲ့ အစ္စရေး တောင်ပိုင်းရှိ လမ်းများမှာ ကလေးငယ်များ ပြန်လည်ကစားလျက်ရှိပါတယ်။ တောင်ပိုင်းမှာ ကြားခဲ့ရတဲ့ ဟားမက်ဇ်တို့ရဲ့ သတိပေးတဲ့ ဒုံးကျည်ပစ်ခတ်သံ(၂)ချက်ဟာ မှားယွင်းတဲ့ သတိပေးမှုများသာ ဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့မှ ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment