အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးတို့ဟာ ဂျပန်နိုင်ငံအနောက်ပိုင်း ကျိုတိုရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွါးတော်မြတ်ကို
သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရပါသည်။ မိုဒီဟာ သြဂုတ်လ (၃၀)ရက်နေ့က ကျိုတိုသို့ ရောက်ရှိခဲ့ပြီး
အာဘေးနှင့် နှစ်နိုင်ငံကြား ရင်းနှီးမြှပ်နှံမှုများနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေးမှာဖြစ်ပါသည်။ အိန္ဒယမှာ သပ်ရပ်စနစ်ကျတဲ့ မြို့ပေါင်း(၁၀ဝ)ကို ကျိုတိုမြို့ရဲ့ပုံစံယူပြီး
တည်ဆောက်ရေးနှင့် အိန္ဒိယရဲ့ရှေးဟောင်းမြို့ဖြစ်တဲ့ ဗာရာဏသီကို တိုးတက်အောင်ဆောင်ရွက်ရေးမှာ
ဂျပန်နိုင်ငံက ကူညီနိုင်မယ်လို့ မိုဒီကယုံကြည်လျှက် ရှိပါသည်။ ဂျပန်နိုင်ငံကလည်း နျူကလီးယား
မပြန့်ပွါးရေးဆိုင်ရာစာချုပ်မှာ လက်မှတ်မထိုးဖို့နှင့် နျူကလီးယား ဓါတ်ပေါင်းဖိုများကို
အဏုမြူဗုံးထုတ်လုပ်ခြင်း မပြုကြောင်း စစ်ဆေးမှုကို ခွင့်ပြုရန် အိန္ဒိယထံမှ တိကျတဲ့အာမခံချက်ကို
ရယူလိုနေပါသည်။ အာရှရဲ့တတိယအကြီးဆုံး စီးပွါးရေးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ မျိုးဆက်သစ်များအတွက်
အလုပ်ဖန်တီးဖို့ လျှင်မြန်တဲ့ စီးပွါးရေးတိုးတက်မှုများ လိုအပ်နေပါသည်။ မိုဒီဟာ ဒီကနေ့မှာ
တိုကျိုမြို့သို့ သွားရောက်မှာဖြစ်ပြီး မနက်ဖြန်မှာတော့ အာဘေးနှင့် နှစ်နိုင်ငံအရေးကိစ္စများကို
ဆွေးနွေးမှာဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment