ဝီကီပီးဒီးရားရဲ့
နောက်ခံအဖွဲ့ ဝီကီမီဒီယာရဲ့ ပြောကြားချက်အရ ဓါတ်ပုံ(၁)ပုံကို မျောက်ကရိုက်ရင် ဒီဓါတ်ပုံရဲ့
မူပိုင်ခွင့်ကို ဘယ်သူပိုင်မလဲ။ ဘယ်သူမှမပိုင်ဘူးလို့ ဆိုပါသည်။ လွန်ခဲ့တဲ့ (၂၀၁၁)ခုနှစ်က
ဓါတ်ပုံဆရာ ဒေးဗစ်-စေလေတာဟာ မာကာကွေမျောက်အုပ်ကို ဓါတ်ပုံရိုက်နေစဉ်မှာ မျောက်များက
သူ့ရဲ့ကင်မရာကို လုယူရင်းနဲ့ ဒီနေ့ကခေတ် အများသူငါရိုက်လေ့ရှိတဲ့ ထူးထူးခြားခြား ဆယ်မီဓါတ်ပုံများကို
မျောက်ကရိုက်ယူခဲ့ပါသည်။ ဒီမျောက်ရဲ့ဆယ်မီများဟာ အင်တာနက်မှာ ပျံ့နှံ့သွားပြီး စေလေတာကတော့
ဒီလိုနာမည်ကြီးတဲ့ ဓါတ်ပုံကိုအခမဲ့ မဖြန့်ဖို့ပြောပါသည်။ ဝီကီမီဒီယာကတော့ ဒါဟာ စေလေတာရိုက်တာ
မဟုတ်တဲ့အပြင် မျောက်တစ်ကောင်၊ အဟိတ်တိရစ္ဆာန်က ရိုက်တာဖြစ်လို့ စေလေတာမှာ မူပိုင်ခွင့်မရှိသလို
ဒီပုံကိုပြည်သူ့ဒိုမိန်းက ပိုင်ကြောင်း တန်ပြန်ပြောကြားထားပါသည်။ စေလေတာကတော့ ဒီပုံကို
ဝီကီမီဒီယာဝဘ်ဆိုဒ်မှ ဖြုတ်ချချင်ပေမယ့် အဖွဲ့အစည်းကြီးက ငြင်းဆန်လျှက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment