အီဂျစ်နိုင်ငံဟာ
ဂျော်ဒန်နိုင်ငံသို့ သဘာဝဓါတ်ငွေ့ ထောက်ပံ့မှုကို ဧပြီလကစတင်ပြီး ဖြတ်တောက်ခဲ့ရာ ဂျော်ဒန်ရဲ့
စီးပွားရေးများစွာ ပျက်စီးဆုံးရှုံးစေခဲ့သလို နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ပဋိပက္ခများလည်း
ဖြစ်ပေါ်လျှက်ရှိကြောင်း ဂျော်ဒန်နိုင်ငံစွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
ဂျော်ဒန်နိုင်ငံဟာ သဘာဝအရင်းအမြစ်ရှားပါးပြီး နိုင်ငံစွမ်းအင်လိုအပ်ချက်ရဲ့ (၉၇)ရာခိုင်နှုန်းကို
ပြည်ပမှတင်သွင်းရပြီး အီဂျစ်နိုင်ငံမှ ပိုက်လိုင်းဖြင့် တင်ပို့ရန် (၁၅)နှစ်စာ သဘာဝဓါတ်ငွေ့
တင်ပို့ရေးသဘောတူညီချက်ကို (၂၀ဝ၁)ခုနှစ် ဇွန်လမှာ လက်မှတ် ရေးထိုးခဲ့ကြပါသည်။ သို့ပေမယ့်လည်း
၎င်းပိုက်လိုင်းများဟာ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ ရင်ဆိုင်ခဲ့ရကြောင်း
သိရှိရပါသည်။
No comments:
Post a Comment