ကိုလံဘီယာနိုင်ငံ
ကမ်းခြေဒေသရှိ စွမ်းရေကန်မှာ မိုးရေမရရှိမှု့ကြောင့် ကန်ရေမျက်နှာပြင်ဟာ (၇၀)ရာခိုင်နှုန်းကျော်
နိမ့်ဆင်းလျှက်ရှိပါသည်။ ကိုလံဘီယာနိုင်ငံရဲ့ ရေသံယံဇာတ ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင်လေ့လာရေး
တက္ကသိုလ် (အိုင်ဒီအီးအေအမ်)ရဲ့ ခန့်မှန်းချက်အရ ပစ်ဖိတ်ကမ်းခြေနဲ့ ကာရေဘီယံကမ်းခြေဒေသတို့မှာ
ဆိုးဝါးတဲ့ ပူးပြင်းခြောက်သွေ့မှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရပါသည်။ ခြောက်သွေ့ရာသီစတင်ခြင်းဖြစ်ကြောင်း
ကိုလံဘီယာအစိုးရက သတိပေးပြောကြားခဲ့သလို အယ်-နီညိုရာသီရောက်ရှိမှုနဲ့အတူ ပိုမိုဆိုးဝါးမှုများ
ဖြစ်ပေါ်နိုင်မယ်လို့ ခန့်မှန်းထားပါသည်။ ၄င်းဖြစ်ပေါ်မှုကြောင့် ပစိဖိတ်ရှိ သမုဒ္ဒရာရေပြင်နဲ့
အပူချိန်ဟာ သာမန်မဟုတ်တဲ့ ပူနွေးမှုများဖြစ်ပေါ်ပြီး ရေလွှမ်းမိုးမှုနဲ့ မိုးခေါင်ရေရှားမှုများ
ပိုမိုဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment