Thursday, August 7, 2014

ထိုင်းနိုင်ငံ (၂၀၁၄)ခုနှစ် အခြေခံဥပဒေ ကြားဖြတ်ရေးဆွဲရေးဆိုင်ရာ အခမ်းအနားကို ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသားက ဖွင့်လှစ်ပေးခဲ့

ထိုင်းနိုင်ငံမှာ (၂၀၁၄)ခုနှစ် အခြေခံဥပဒေ ကြားဖြတ်ရေးဆွဲရေးဆိုင်ရာ အခမ်းအနားကို ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဗာဂျီယာလောင်ကွန်းက (၇-၈-၁၄) ရက်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ ကျန်ရှိတဲ့ အစိုးရအဖွဲ့ဝင်များအနေနဲ့တော့ ပုံမှန်အတိုင်း ဆက်လက် တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါသည်။ ဒီအခမ်းအနားမှာ အိမ်ရှေ့မင်းသားက ၄င်းအနေနဲ့ အခြေခံဥပဒေနဲ့ နည်းဥပဒေများကို ရေးဆွဲချမှတ်ခြင်းနဲ့ ပက်သက်ပြီး ဆွေးနွေးမှာဖြစ်ပြီး တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်များကလည်း အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါသည်။ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကဏ္ဍကို ဆောင်ရွက်ရန် အသစ်ဖွဲ့ထားတဲ့ အမျိုးသားညီလာခံမှာ ဦးဆောင်ပါဝင်တဲ့ အာဏာရစစ်အစိုးရအား အိမ်ရှေ့မင်းသားက တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment