ပြည်ထောင်စု
လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး
မစ္စတာ ဟီရို့တို အီဇူးမိ ဦးဆောင်သော အဖွဲ့အား
ဩဂုတ်လ (၁)ရက် မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံး ဇမ္ဗူသီရိဧည့်ခန်းမ၌
တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ
ဆက်ဆံရေး ကော်မတီဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ
တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment