အမေရိကန်နှင့်
အီရန်မှ တာဝန်ရှိသူများဟာ အီရန်၏ နျူကလီးယားအစီအစဉ်နဲ့ ပက်သက်ပြီး နှစ်ဖက်အဖြေရှာဖို့
ဂျနီဗာမှာ ဇူလိုင်လ(၇)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အမေရိကန်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး
ဘေလ်ဘန်စ် ဦးဆောင်သည့်အဖွဲ့နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ စေ့စပ်ညှိနှိုင်းရေးအကြီးအကဲ
အာဘက်စ် အာရာခီတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါသည်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက အီရန်ဟာ
အရပ်ဘက်သုံးနျူကလီးယားအစီအစဉ်ကို အကြောင်းပြုပြီး နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်လျှက်ရှိကြောင်း သံသယရှိနေသလို အီရန်ကလည်း ငြိမ်းချမ်းစွာအသုံးပြုရေးအတွက်သာ
ရည်ရွယ်ကြောင်း ငြင်းဆန်ထားပါသည်။ (ပီဖိုက်+၁)အီရန်နဲ့ ရရှိထားတဲ့ ယာယီသဘောတူညီချက်ကို
နိုဝင်ဘာလ(၂၄)ရက်အထိ သက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment