Tuesday, September 30, 2014

ဂျပန်တွင် အွန်တာကဲ မီးတောင်၏အခြား ပေါက်ကွဲနိုင်သည့် အခြေအနေများကြောင့် ကယ်ဆယ်ရှာဖွေရေး အစီအစဉ်များကို ရုတ်သိမ်းခဲ့ရ

ဂျပန်နိုင်ငံတွင် အွန်တာကဲ မီးတောင်ပေါက်ကွဲ ခဲ့ပြီး၊ ဆယ်စုနှစ် များအတွင်း ဂျပန်၏ အဆိုးဝါးဆုံး မီးတောင်ပေါက်ကွဲမှု ဒဏ်ခံခဲ့ရပြီး ဒုက္ခသည်(၂၄)ဦး ထက်မနည်းသည့်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှု အစီအစဉ်များကို ပယ်ဖျက်ခဲ့ပြီး၊ မီးတောင်၏အခြား ပေါက်ကွဲနိုင်သည့် အခြေအနေ များကြောင့် ကယ်ဆယ်ရှာဖွေရေး အစီအစဉ်များကို ရုတ်သိမ်းခဲ့ရခြင်း ဖြစ်ကြောင်း သိရပါသည်။ အရေးပေါ် ကယ်ဆယ်ရေးဌာန မီးသတ်ဌာနနှင့် စစ်တပ်မှ လူပေါင်း (၈၀ဝ)ကျော်သည် အွန်တာကဲမီးတောင် အနီးကို ဝင်ရောက်ပြီး မီးတောင်ပြာများနှင့် ကျောက်တုံး များကြားတွင် ပိတ်မိနေသည့် လူ(၂၄)ဦး ထက်မနည်းကို ရဟတ်ယာဉ်များနှင့် ကယ်ဆယ်ရန် ပြင်ဆင်ခဲ့ကြပေမဲ့ ဓါတ်ငွေ့များနှင့် ပြင်းထန်သည့် မီးတောင် ပေါက်ကွဲမှုများ မြင့်တက်လာသည့် အတွက်ကြောင့် မီးတောင် အနားကို ချဉ်းကပ်ရန် မလွယ်ကူသည့် အခြေအနေ ဖြစ်ပါသည်။ အွန်တာကဲ မီးတောင် ပေါက်ကွဲမှုသည် (၂၉-၉-၁၄) ရက်နေ့က စတင်ခဲ့ပြီးပြန်လည် တည်ငြိမ်သွားကာ (၃၀-၉-၁၄) ရက်နေ့တွင် ဆိုးဝါးစွာ ပြန်လည်ပေါက်ကွဲ ခဲ့သည်ဟု သိရပါသည်။ ဂျပန်နိုင်ငံသည် မီးတောင်ရှင် (၁၁၀)နှင့်အတူ မြေငလျင် လှုပ်ရှားမှု အများဆုံး နိုင်ငံများထဲက တစ်နိုင်ငံဖြစ်ပြီး (၁၉၉၁) ခုနှစ်ကလည်း နိုင်ငံ၏အနောက် တောင်ပိုင်းမှာရှိသည့် အန်ဇန်မီးတောင် ပေါက်ကွဲမှုကြောင့် လူ(၄၃)ဦး သေဆုံးခဲ့ရဖူးပါသည်။ (၂၀၁၁)မတ်လ (၁၁)ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ ပြင်းအား (၉.ဝ)အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက် မီးတောင်လှုပ်ရှား မှုများသည် မြင့်တက်လာခဲ့ကြောင်း သုတေသီများက သတိပေးပြောကြား ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment