Tuesday, September 30, 2014

အီဂျစ်သမ္မတ မိုဟာမက်မော်စီ ဖြုတ်ချခံရပြီးနောက် အကြမ်းဖက်မှုနှင့် စပ်ဆက်နေသည့် ထောက်ပံ့ရေးသမား (၆၈)ဦးကို အီဂျစ်တရားရုံးမှ ပြစ်ဒဏ် ချမှတ်

အီဂျစ်သမ္မတ မိုဟာမက်မော်စီ ဖြုတ်ချခံရပြီးနောက် တစ်နှစ်အကြာမှာ လူများစွာ သေဆုံးစေခဲ့သည့် အကြမ်းဖက်မှုနှင့် စပ်ဆက်နေသည့် မွတ်ဆလင် ညီနောင်များမှ ထောက်ပံ့ရေးသမား (၆၈)ဦးကို အီဂျစ်တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံတစ်ဝှမ်း မော်စီထောက်ခံ သူများနှင့် ပြိုင်ဘက်များအကြား ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် လူ(၅၀)ကျော် သေဆုံးခဲ့ရပြီး၊ (၂၀၁၃)ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့က ကိုင်ရိုတွင် လူ(၃၀)သေစေခဲ့ကာ အခြားလူများကိုလည်း သတ်ရန်ကြိုးပမ်းမှုမှာ ၄င်းတို့အားလုံး ပါဝင်သည်ဟု သိရပါသည်။ ပြစ်မှုကျူးလွန်သူ (၆၈)ဦးအနက်မှ (၅)ဦးကို ထောင်ဒဏ်(၁၀) နှစ်ချမှတ်ခဲ့ပြီး ကျန်(၆၃)ဦးကို ထောင်ဒဏ်(၁၅)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment