Thursday, October 30, 2014

တရုတ်နိုင်ငံ အလယ်ပိုင်း ငါးပြတိုက်တစ်ခုမှာ အဖြူရောင် ဝေလငါးသားပေါက်လေး မွေးဖွား

တရုတ်နိုင်ငံ အလယ်ပိုင်း မှာရှိသည့် ငါးပြတိုက် တစ်ခုမှာ ဝေလငါးမကြီးက အဖြူရောင် ဝေလငါး သားပေါက်လေးကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မွေးဖွားခဲ့ပြီး ဒါဟာ ဟူနန်ပြည်နယ်ရှိ ချန်အာ ရေအောက်ကမ္ဘာ ငါးပြတိုက်မှာ ပထမဆုံး ဝေလငါးပေါက်ဖွားမှု ဖြစ်ခဲ့သလို ဝေလငါး သားပေါက်လေးကို (၅)နာရီမွေးဖွား ခဲ့ရသည်ဟု သိရပါသည်။ (၈)နှစ်အရွယ် ဝေလငါးမကြီးဟာ (၁၅)လကြာ ကိုယ်ဝန်ဆောင် ခဲ့ရသည်ဟုလည်း သိရပါသည်။ ရေအောက်ကမ္ဘာ ငါးပြတိုက် အကြီးအကဲ၏ ပြောကြားချက်အရ ဝေလငါး သားပေါက်လေးဟာ မိခင်နို့ စို့နေတာကို ၄င်းတို့အနီးကပ် မြင်တွေ့ခဲ့ရကြောင်းနှင့် သားပေါက်လေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ရန် လာမဲ့နှစ်နှစ် လောက်အထိ မိခင်ဝေလ ငါးမကြီးကို ပြသသွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။


No comments:

Post a Comment