Wednesday, October 29, 2014

မော်စကိုမြို့ရှိ အမွေးရှည် ကမ္ဘာဦးဆင်

အေးခဲမှုပြုလုပ်ထားပြီး ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် အမွေးရှည် ကမ္ဘာဦးဆင်အား မော်စကိုမြို့လယ်မှာ ပြသထားကြောင်း သိရပါသည်။ သိပ္ပံပညာရှင်များက ယူကာလို့အမည်ပေးထားသည့် ကမ္ဘာဦးဆင်မလေး၏ သက်တမ်းဟာ နှစ်ပေါင်း(၃)သောင်း(၉)ထောင် ရှိသွားပြီဖြစ်ပါသည်။ ၄င်းအား (၂၀၁၀)ခုနှစ်က ရုရှား၏ အာတိတ်ကမ်းခြေရှိ ယူကူတီအာဒေသမှာ ဒေသခံအစွယ်မုဆိုးများက ရှာဖွေတွေ့ရှိခဲု့ခြင်းဖြစ်ပါသည်။ (၃)မီတာရှည်သည့် ဆင်မလေးသည် အမာရွတ်များလည်း တွေ့ရှိခဲ့သည့်အတွက် ၄င်းမသေခင် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ခန့်မှန်းသူများက ပြောကြားခဲ့ပါသည်။ ဆင်မလေးသည် အေးခဲသည့် ဝင်ရိုးစွန်းဒေသမှာ တွေ့ရှိခဲ့ပြီး အေးခဲနေသည့် အထူးမှန်လှောင်အိမ်ထဲမှာ သိမ်းဆည်းထားခြင်းဖြစ်ပြီး ၄င်းသေဆုံးချိန်မှာ (၁၀)နှစ်ခန့်ရှိမည်ဟု ယုံကြည်ထားကြပါသည်။ ယူကူကို ကမ္ဘာ့ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မော်စကိုမှာ ပြသခြင်းဖြစ်ပြီး ဂျပန်နှင့် တိုင်ပေတို့မှာလည်း ပြသပြီးဖြစ်ပါသည်။ သိပ္ပံပညာရှင်များဟာ ၄င်းမျိုးစိတ်၏ ကိုယ်ပွားပြုလုပ်နိုင်ရန် လိုအပ်သည့် အစိတ်အပိုင်းများ ရရှိရန်အတွက် အမွေးရှည် ကမ္ဘာဦးဆင်အား ကောင်းစွာထိန်းသိမ်း စောင့်ရှောက်လျှက်ရှိကြောင်း သိရှိရပါသည်။


No comments:

Post a Comment