Friday, October 31, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ (၁၀)ထပ် အဆောက်အဦး ထိပ်ဆုံးထပ်ရှိ သတင်းစာတိုက် မီးလောင်မှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ (၁၀)ထပ် အဆောက်အဦး ထိပ်ဆုံးထပ်ရှိ သတင်းစာတိုက် မီးလောင်မှုတစ်ခု (၃၁-၁၀-၁၄) ရက်နေ့က ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ မရှိကြောင်း သိရပါသည်။ မီးသတ်သမား (၂၀)ကျော်သည် မီးကိုငြိမ်းသတ်ရန်အတွက် ကြိုးစားခဲ့ကြပြီး သောကြာနေ့သည် ပြည်သူများ၏ အားလပ်ရက်ဖြစ်သည့်အတွက် သတင်းစာတိုက်ရှိ ဝန်ထမ်းများနှင့် အဆောက်အဦးရှိ အခြားရုံးများတွင် ဝန်ထမ်းများလဲ မရှိသလောက်နည်းပါးနေသည့် အချိန်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment