အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားမှာ
ပြီးခဲ့သည့် ကြာသပတေးနေ့ ညက ငါးထပ်တိုက် အဆောက်အဦး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အခန်းတွင်းမှ
လူများကို ကယ်ဆယ်နိုင်ရန်အတွက် မီးသတ်သမားများက ကြိုးစားနေကြောင်း သိရပါသည်။ ၄င်းမီးသည်
ဒေသစံတော်ချိန်ည (၁၁)နာရီတွင် လောင်ကျွမ်းခဲ့ကြောင်း ဒေသမီဒီယာက ထုတ်ပြန်ခဲ့ပါသည်။
ဒေသခံ(၆၀)ကျော် အား အနီးကပ်ပြုစုပေးနေရကြောင်း ကြက်ခြေနီတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။
မီးသတ်သမားများသည် မီးကို ထိန်းချုပ်ရန် (၂)နာရီကြာ ငြိမ်းသတ်ခဲ့ရပြီး မီးသတ်သမားတစ်ဦးနှင့်
အဆောက်အဦးအတွင်းရှိ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment