အမေရိကန်ပြည်ထောင်စု အီလီနိုက်တောင်ပိုင်းတွင်
ရထားတစ်စင်းသည် ဗန်ကားအား တိုက်မိမှုပြီးခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ရာ လူ(၃)ဦး
သေဆုံးခဲ့ကြောင်း သိရပါသည်။ သေဆုံးသူ(၃)ဦးတွင် မိသားစုဝင်များဖြစ်ပြီး အရွယ်ရောက် အမျိုးသမီးတစ်ဦးနှင့်
ကလေးငယ်(၂)ဦး ဖြစ်ကြောင်း ဒေသမီဒီယာက ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးအား ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။ ယခုမတော်မဆမှုသည် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ဟောလိုးဝင်းလှည့်လည်ပွဲကို
ပြင်ဆင်ခဲ့သည့် ဆိမ့်-လူးဝစ့်၏ အရှေ့မြောက်ဘက် မိုင်(၇၀)ခန့် အကွာ အီလီနွိုက်ရှိ ဗန်ဒါလီးယားမြို့တွင်
ဒေသစံတော်ချိန် ည(၇)နာရီမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ယခုမတော်တဆမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက
စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment