မစ်လန်းအနောက်ဖက်ရှိ အင်္ဂလန်၏ အက်စ်ပီ
မီးရူးပန်းစက်ရုံတစ်ခု အကြီးစားပေါက်ကွဲမှု တစ်ရပ် (၃၁-၁၀-၁၄) ရက်နေ့က ဖြစ်ပွားခဲ့ရာ
တစ်ဦးပျောက်ဆုံးပြီး (၄)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ ပေါက်ကွဲမှုကြောင့် မီးရူးပန်းများသည်
ကောင်းကင်ယံတွင် လင်းလက်ကာ မီးတောက်ကြီးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ကယ်ဆယ်ရေးအဖွဲ့များနှင့်
မီးသတ်သမားများသည် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များနှင့်
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက ပေါက်ကွဲမှုမှာ ဒဏ်ရာရရှိသူများကို ကယ်ဆယ် ပေးခဲ့ရကြောင်း
သိရပါသည်။ ယခုအခါမှာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပျောက်ဆုံးသူကို
ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရပါသည်။ ရဲတပ်ဖွဲ့ဝင်များကတော့ ယခုပေါက်ကွဲမှုဖြစ်စဉ်နှင့်
ပတ်သက်ပြီး တိကျသည့် သတင်းထုတ်ပြန်မှု မရှိသေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment